ဒေသဖွံဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘ၀တိုးတက်ရေး လုပ်ဆောင်ပေးရန် ဧရာဝတီ လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

  • 5 years ago
ဒေသဖွံဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘ၀တိုးတက်ရေး လုပ်ဆောင်ပေးရန် ဧရာဝတီ လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
***********************
ဒေသဖွံဖြိုးတိုးတက်ရေး၊လူမှုစီးပွားဘ၀တိုးတက်ရေး လုပ်ဆောင်ပေးရန် ကိုယ်စားလှယ်များအား တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တိုက်တွန်းပြောကြားလိုက်သည်။

“မိမိတို့ မဲဆန္ဒရှင်ပြည်သူများရဲ့ လူမှုစီးပွားဘ၀ဖွံဖြိုးတိုးတက်စေရေး၊ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ”ဟုဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင် က တိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက်ပုံမှန်အစည်းဝေး အပိတ်တွင် ကိုယ်စားလှယ်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ၁၆ကြိမ်မြောက်ပုံမှန်အစည်းအဝေးအား ၅ရက်တာကျင်းပချိန်တွင် ကြယ်ပွင့်ပြမေးခွန်း ၄၁ခု၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သက်ဆိုင်သော မေးခွန်း ၂ခု၊စီမံဘဏ္ဍာဝန်ကြီးဌာန မေးခွန်း ၂ခု၊ စိုက်မွေးဝန်ကြီးဌာနမေးခွန်း ၁၁ခု၊လျှပ်စစ်လမ်းပန်းဝန်ကြီးဌာန မေးခွန်း ၁၇ခု ၊ စည်ပင်ဝန်ကြီးဌာန မေးခွန်း၁ခု၊ လူမှုရေးဝန်ကြီးဌာန မေးခွန်း ၈ခု၊ စာနှင့်ဖြေကြားသော မေးခွန်း၂ခု၊ကြယ်ပွင့်မပြ မေးခွန်း ၁၀ခု ၊ အဆို၁ခု၊ ဥပဒေကြမ်း၁ခုဖြစ်ကြောင်းကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ရိုက်ကူး- စည်သူမောင်မောင်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended