သမ္မတထရမ့်ပ်ကို ဆက်ရင်ဆိုင်ဖို့ အမတ် Omar တိုက်တွန်း

  • 5 years ago
သမ္မတထရမ့်ပ်ကို ဆက်ရင်ဆိုင်ဖို့ အမတ် Omar တိုက်တွန်း
*********************
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အပြင်းအထန် ဝေဖန်ထိုးနှက်ခံနေရသူတွေထဲမှာပါတဲ့ မင်နီဆိုးတားပြည်နယ်၊ အောက်လွှတ်တော်အမတ် Ilhan Omar က လူမျိုးရေးခွဲခြားမှုနဲ့ လုပ်ကြံစွပ်စွဲချက်တွေကို ထိပ်တိုက်ရင်ဆိုင်ကြဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတထရမ့်ပ်ကို အနိုင်ရရေး ဆက်ပြီး အာရုံစိုက်ကြဖို့လည်း ပြောပါတယ်။ အမေရိကန် မွတ်ဆလင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို မစ္စ Omar က အင်္ဂါနေ့ မှာ ပြောတဲ့ထဲ အဲဒီလို တိုက်တွန်းသွားတာပါ။ Brian Padden ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Recommended