ဈေးကောင်းရသော ဒေသကြက်မျိုးကို မွေးမြူရန် မကွေး မွေး/ကုမှ တိုက်တွန်း

  • 5 years ago
ဈေးကောင်းရသော ဒေသကြက်မျိုးကို မွေးမြူရန် မကွေး မွေး/ကုမှ တိုက်တွန်း
**********
ကျေးလက်ပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားစေရန် စိုက်ပျိုးရေးနှင့်အတူ မြန်မာကြက်ခေါ် ဒေသကြက်များ မွေးမြူသင့်ကြောင်း မင်းဘူး/စကုမြို့နယ် မယ့်ဘေကုန်ကျေးရွာတောင်သူ ဦးဝင်းချိုက ပြောသည်။
“ ကျွန်တော် စိုက်ပျိုးရေးနဲ့အတူ ဒေသကြက်မွေးတာ တစ်နှစ်ရှိပါပြီ။ ဘာပြုလို့ မွေးရသလဲဆိုရင် စားသုံးသူတွေက CP ကြက်ကို အကြိုက်နည်းလာပြီး ကျန်းမာရေးအရလည်း ဒေသကြက်က ပိုမို ကောင်းမွန်ကြောင်း သိလာရလို့ အခုလို မွေးမြူတာပါ။ ဒေသကြက်ကို နေရာတိုင်း၊ အိမ်တိုင်းမှာ သုံးကောင်ကနေ ငါးကောင်လောက် မွေးမြူမယ်ဆို မီးဖိုချောင်စရိတ် ကာမိမယ်။ မြန်မာကြက်ခေါ် ဒေသကြက်ဥတစ်လုံးကို ၂၅၀ ကျပ် ဖောက်သည်ဈေး သွင်းရတယ်။ တစ်နေ့ ကြက်ဥ ဆယ်လုံးလောက် ရောင်းမယ်ဆို ၂၅၀၀ ကျပ် ဝင်ငွေ ရမယ်၊ ဒါကြောင့် အိမ်တိုင်း မွေးမြူသင့်ပါတယ်” ဟု မယ့်ဘေကုန် ကျေးရွာတောင်သူ ဦးဝင်းချိုက ဆိုသည်။
ရိုက်ကူး /တည်းဖြတ် - တင်ရွှေ(မဇ္ဈိမ)
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60170
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended