အမုန်းတရားလှုံ့ဆော်မှုများကို ချက်ချင်း စုံစမ်းစစ်ဆေး အရေးယူရန် ကုလ ကိုယ်စားလှယ် တိုက်တွန်း

  • 7 years ago
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီသည် ဇူလိုင်လ ၁ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူ့အခွင့် အရေး အခြေနေများအပေါ် တွေ့ရှိ ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖော် ထုတ်ရန် အစိုးရသစ်အား အချိန်ပေးရန် လိုအပ်သည်ဟု သတိပြုမိသော်လည်း ဘာသာရေးဆိုင်ရာ သည်းမခံနိုင်မှုများ၊ အမုန်းတရားလှုံ့ဆော် မှုများနှင့် ပတ်သက်၍ အစိုးရအ နေဖြင့် စုံစမ်းစစ်ဆေးမှုများနှင့် ကျူးလွန်သူများကို တာဝန်ခံစေမှုများ အပါအ၀င် အမြန်ဆုံးအရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း မစ္စရန်ဟီးလီက ပြောကြားခဲ့သည်။
ထို့ပြင် ပြစ်မှုကျူး လွန်သူများကို လူမျိုး၊ ဘာသာ(သို့မဟုတ်) တိုင်းရင်းသားမည်သည့် နောက်ခံရာဇ၀င်မရွေး ဥပဒေနှင့်အညီ အလေးအနက်အ ရေးယူရမည်ဟုလည်း ၎င်းက တိုက်တွန်းသွားသည်

Recommended