လူထုကို ဖိနှိပ်တဲ့ အာဏာရှင်စနစ် ပြန်မရောက်အောင် ညီညွတ်ကြဖို့ သမ္မတ တိုက်တွန်း
  • 5 years ago
လူထုကို ဖိနှိပ်တဲ့ အာဏာရှင်စနစ် ပြန်မရောက်အောင် ညီညွတ်ကြဖို့ သမ္မတ တိုက်တွန်း
******************************

ပြည်သူလူထုကို ဖိစီးနှိပ်စက်သည့် အာဏာရှင်ဆန်သော နိုင်ငံရေး စနစ်မျိုး ပြန်လည်မထွန်းကားအောင် ပြည်သူလူထုအားလုံး သွေးစည်းညီညွတ်ကြရန် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမိန့်ခွန်းတွင် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

နေပြည်တော်ရှိ လွှတ်တော်သဘင်ဆောင်တွင် စက်တင်ဘာလ ၁၅ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် သမ္မတ ဦးဝင်းမြင့်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် - မင်းမင်း/မဇ္ဈိမ
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60550
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ
Recommended