ဧရာဝတီတိုင်းတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ထက်ဝက်ကျော် ကျဆင်း

  • 5 years ago

ဧရာဝတီတိုင်းတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ထက်ဝက်ကျော် ကျဆင်း
********************
ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုသည် ယမန်နှစ်ကထက် ထက်ဝက်ကျော် ကျဆင်းလာခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင် ကပြောသည်။
“တောဆင်ရိုင်းသတ်ဖြတ်ခံနေရမှုဟာ ရာနှုန်းထက်ဝက်ကျော် ကျဆင်းသွားတာကို တွေ့  ရှိရပါတယ်။ တော ဆင်ရိုင်းသတ်ဖြတ်ခံနေမှု ကျဆင်းသွားရခြင်းဟာ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြန်မာနိုင်ငံသစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ၊အရပ်ဘက်အဖွဲ့ အစည်းများ ပြည်သူလူထု စတဲ့ အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းပါဝင် ထိန်းသိမ်းခဲ့လို ကျဆင်းသွားရဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင် က တောဆင်ရိုင်းများထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင်ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုအခြေအနေများအရ ၂၀၁၇ခုနှစ်တွင် တောဆင်ရိုင်း ၁၆ကောင်သတ်ဖြတ်ခံခဲ့ရပြီး ၂၀၁၈ခုနှစ်တွင် ၇ကောင်သာ သတ်ဖြတ်ခံထားရကြောင်း သိရသည်။
ရိုက်ကူး - စည်သူမောင်မောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55435
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended