ဧရာဝတီတိုင်း တောင်သူ ၃၅၅ ဦးအတွက် လယ်ယာလုပ်ပိုင်ခွင့်လက်မှတ်များ ပေးအပ်

  • 5 years ago
ဧရာဝတီတိုင်း တောင်သူ ၃၅၅ ဦးအတွက် လယ်ယာလုပ်ပိုင်ခွင့်လက်မှတ်များ ပေးအပ်
*************************
“ဒီနေ့ တောင်သူလယ်သမားနေ့ အခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်တို့ မှ တောင်သူ ၃၅၅ ဦး အတွက် ပြန်လည်စွန့်လွှတ်တဲ့  စိုက်ပျိုးမြေဧရိယာ ၁၄၁၀ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်သွားမှာဖြစ်ကြောင်းကို ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ က တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြောကြားသည်။

" ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးစုံစမ်းရေးကော်မတီ အစီရင်ခံစာ ၁ မှ ၁၈ အထိ အမှုတွဲများကို နေပြည်တော် ဗဟိုကော်မတီရုံးတွင် အပ်နှံဖြေရှင်းဆောင်ရွက်နေရာမှာ ၈ ရက်၂လ၂၀၁၉ အထိ စိစစ်တဲ့အမှုတွဲပေါင်း ၁၅၄၄ တွဲမှာ ၁၃၁၁ တွဲ စိစစ်အပ်နှံဆောင်ရွက်ပြီးဖြစ်တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၈၆.၄ ရာနှုန်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း" ၀န်ကြီးချုပ် ဦးလှမိုးအောင်က တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြောသည်။

ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended