တစ်လအတွင်း တရားရုံးသို့ ဦးဝီရသူ လာဖြေရှင်းရန် ထုတ်ပြန်ချက်စာရွက်များ ဖြန့်ဝေမည်
  • 5 years ago
တစ်လအတွင်း တရားရုံးသို့ ဦးဝီရသူ လာဖြေရှင်းရန် ထုတ်ပြန်ချက်စာရွက်များ ဖြန့်ဝေမည်
**********************
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူအား တစ်လအတွင်း လာရောက်အဖမ်းခံဖြေရှင်းရန် ရေးသားထားသော ထုတ်ပြန်ချက်စာရွက်များကို ထင်ရှားသော နေရာများ၌ ကပ်၍ ဖြန့်ဝေသွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် ၉ ရက်က အမိန့်ချခဲ့သည်။

တရားလိုသက်သေ ၉ ယောက်လုံးကို စစ်ဆေးအပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၈၇၊ ၈၈ အရ “ထွက်ပြေး တိမ်းရှောင်နေသူအတွက် ထုတ်ပြန်ကြေညာခြင်း” အမိန့်ကို တရားသူကြီးက ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

ရိုက်ကူး / တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58665
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ
Recommended