တရားမဝင်မြန်မာလုပ်သား ၄၅ ဦး တရုတ်မှ ပြန်ရောက်ရှိလာ

  • 5 years ago
တရားမဝင်မြန်မာလုပ်သား ၄၅ ဦး တရုတ်မှ ပြန်ရောက်ရှိလာ
***********************
တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သူများအနက် ၄၅ ဦးသည် ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက်အစောပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  သာသနာဗိမာန် ပြန်လည်ရောက်ရှိလာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးမြို့နယ်မှ လူခေါ်ပွဲစားများမှ တဆင့် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများဖြစ်သည်။

အဆိုပါ ၄၅ ဦးကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ နယ်လုံဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများမှ လာရောက်တွေ့ဆုံ ကြည့်ရှုခဲ့သည်။

ရိုက်ကူး/တည်းဖြတ် - ဘုန်းနိုင်ဖြိုး၊မဇ္ဈိမ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended