တမူးမြို့တွင် ထီလိမ်ရောင်းချသူ ၈ ဦး ဖမ်းမိ
  • 5 years ago
တမူးမြို့တွင် ထီလိမ်ရောင်းချသူ ၈ ဦး ဖမ်းမိ
==============
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ထီလိမ်ရောင်းချသူ ၈ ဦးကို သက်ဆိုင်ရာဌာနနဲ့ တမူးလူငယ်ကွန်ယက် အဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်က ပူးပေါင်းဖမ်းဆီးလိုက်ပါတယ်။ |

တမူးမြို့အဝင် မြို့ရှောင်လမ်းမှာနေတဲ့ ချင်းလူမျိုးအိမ်တွေကို အဓိကပစ်မှတ်ထားပြီး လိမ်လည်ရောင်းချနေ တယ်လို့ သတင်းရရှိတဲ့အတွက် သွားရောက်ဖမ်းဆီးရာကနေ ကနဦး ၂ ဦး ဖမ်းမိခဲ့ပြီး ကျန်တဲ့ ၆ ဦးကို ဆက်လက်ဖမ်းဆီးနိုင်ခဲ့တာပါ။

၈ နိုင်ငံ ခရီးလည်ပတ်ခွင့်၊ကား၊ ဆိုင်ကယ်နဲ့ ကံစမ်းမဲ စတဲ့ ပေါက်မဲတွေ ပါတယ်ဆိုတဲ့ မက်လုံးတွေပေးပြီး ပါကင်ထုပ်ထားတဲ့ ထီထုပ်တစ်ထုပ်ကို ငွေကျပ် ၂ သိန်းကနေ ၈ သိန်းအထိ ရောင်းချတာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ လူ ၈ ဦး ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦး ဖြစ်ပြီး သူတို့နဲ့အတူ ကားတစ်စီး၊ ထီထုပ်ပိုးတဲ့အခါသုံးတဲ့ တိပ်၊ ကတ်ထူ၊ ကတ်ကြေး၊ပလပ်စတစ် ပက်ကင်ထုပ်ထားတဲ့ ထီဘူး ၁ ဘူးနဲ့ ငွေကျပ် ၁၁ သိန်းကျော် သိမ်းဆည်းရမိခဲ့ယ်လို့ သိရပါတယ်။

အခုလက်ရှိ ထီလိမ်ရောင်းချသူ ၈ ဦးကို တမူးမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀နဲ့ အမှုရေးဖွင့်ထားပါတယ်။

ရိုက်ကူး-ဘုန်းနိုင်ဖြိုး
Recommended