ကမန်များကို မှတ်ပုံတင်ထုတ်ပေးမှုတွင် ဘင်္ဂလီ ၂၁ ဦး ပါဝင်နေသည့်အပေါ် ဝန်ထမ်းများကို အရေးယူမည်ဟု ဝန်ကြီး ပြော

  • 5 years ago
ကမန်များကို မှတ်ပုံတင်ထုတ်ပေးမှုတွင် ဘင်္ဂလီ ၂၁ ဦး ပါဝင်နေသည့်အပေါ် ဝန်ထမ်းများကို အရေးယူမည်ဟု ဝန်ကြီး ပြော

#မဇ္ဈိမ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျော်နီမော်ကျေးရွာအုပ်စုက ကမန်တိုင်းရင်းသားအဖြစ် လူဦးရေ ၃၃၀၀ကျော်ကို မှတ်ပုံတင်ထုတ်ပေးရာမှာ မသမာမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိရင် အရေးယူသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မှတ်ပုံတင်ထုတ်ပေးထားတဲ့ အဲ့ဒီ လူ ၃၀၀၀ကျော်ကို ကမန်တိုင်းရင်းသား ဟုတ်၊ မဟုတ် စစ်ဆေးရာမှာ ၂၁ဦးကလွဲလို့ ကျန်တဲ့သူတွေက ကမန်တိုင်းရင်းသားတွေဖြစ်တယ်လို့လည်း ဦးသိန်းဆွေက အခုလို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကမန်လူမျိုးအမည်ခံပြီး မြန်မာနိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနေတဲ့အပေါ် ပြန်လည်စိစစ်ပေးဖို့ ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ဒီဇင်ဘာ ၁၉ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ မေးမြန်းတဲ့ မေးခွန်းကို ဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့တာပါ။

လဝက က ကမန် ၃၀၀၀ကျော်ကို မှတ်ပုံတင် ထုတ်ပေးရာမှာ နိုင်ငံသားမဟုတ်သူတွေ ပါဝင်တယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရိုက်ကူး/တည်းဖြတ်-မင်းမင်း

Recommended