သမ္မတ၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်တွင် စစ်ကိုင်းတိုင်းမှ ၂၂၁၅ ဦး ပါဝင်

  • 5 years ago
သမ္မတ၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်တွင် စစ်ကိုင်းတိုင်းမှ ၂၂၁၅ ဦး ပါဝင်
*********************
နိုင်ငံတော်သမ္မတ၏ ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှ အကျဉ်းသား ၁၆၄ ဦးကို ဧပြီလ၂၆ ရက်နေ့၌ လွှတ်ပေးခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် အကျဉ်းသားများထဲတွင် မူး/စိတ်ပုဒ်မ ၁၅/၁၆ ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများစုပါဝင်သည်ကို တွေ့ရသည်။ စစ်ကိုင်းတိုင်းဦးစီးမှူးရုံး အကျဉ်းဦးစီးဌာန၏ စာရင်းအရ တိုင်းအတွင်းရှိ အကျဉ်းထောင် ၅ ခု၊ အကျဉ်းစခန်း ၆ ခု မှ အကျဉ်းသား ၂၂၁၅ ဦး ယနေ့တွင် လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊ မဇ္ဈိမ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended