တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့ရန် သမ္မတ သ၀ဏ်လွှာပေးပို့
  • 5 years ago
တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့ရန် သမ္မတ သ၀ဏ်လွှာပေးပို့
*******************
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ ခေါ်ယူပြီး သဘောတူဆုံးဖြတ်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၄၈ ပုဒ်မခွဲ(ဂ)ပုဒ်မခွဲငယ်-၁ပါ ပြဌာန်းချက်အရ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သဝဏ်လွှာပေးပို့ပါသည် ”ဟု နိုင်ငံတော်သမ္မတသဝဏ်လွှာအား တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်သို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေးအား ဇူလိုင်၂ ရက်နေ့က စတင်ကျင်းပခြင်းဖြစ်ပြီး၊ အစည်းအဝေးအား ဇူလိုင် ၄ ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ
Recommended