အိုင်ဖယ်လ်မျှော်စင်ရဲ့ ဧည့်သည် သန်း ၃၀၀ ပြည့် အခမ်းအနား ကျင်းပ

  • 7 years ago
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အိုင်ဖယ်လ် မျှော်စင်ကြီးမှာ လာရောက်လည်ပတ်သူ သန်း ၃၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်က ကမ္ဘာကျော် အထိမ်းအမှတ် အဆောက်အအုံကြီးစီ လာရောက်လည်ပတ်သူ ၁၅၀၀ ကို မျှော်စင် ပထမအဆင့်ထိ အခမဲ့ တက်ရောက်ခွင့် ပေးခဲ့ပြီး ဂီတပွဲတော် တစ်ခုလည်း စီစဉ်ပေးထားပါတယ်။

၁၈၈၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာကြောင့် အိုင်ဖယ်လ်မျှော်စင်ကြီးဟာ သက်တမ်း ၁၂၈ နှစ်လောက် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မျှော်စင်ကို လာရောက်လည်ပတ်သူ ခြောက်သန်းလောက် ရှိခဲ့တယ်။

ပြင်သစ်နိုင်ငံ တဝန်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် မျှော်စင်ပေါ် တက်ရောက် လည်ပတ်သူတွေကို လုပ်ကြံတိုက်ခိုက်တာမျိုး မဖြစ်အောင် ကျည်ကာမှန်တွေလည်း တပ်ဆင်ထားရပါတယ်။

အိုင်ဖယ်လ် မျှော်စင်ကြီးကို အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဂူစတက်ဗ် အိုင်ဖယ်လ်က ၁၈၈၉ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်ရေး ပြပွဲအတွက် ရည်ရွယ် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ခေတ်သစ် ဗိသုကာ အထင်ကရ လက်ရာမွန် တစ်ခု အနေနဲ့ရော၊ ပါရီရဲ့ သင်္ကေတ အဖြစ်ပါ ထင်ရှားခဲ့ပါတယ်။

Recommended