အမျိုးသမီးစက်ရုံအလုပ်သမတွေ အကြမ်းဖက်ခံရမှုတွေရှိနေသလား ရှင်း

  • 7 years ago
အမျိုးသမီးစက်ရုံ အလုပ်သမားတွေ အကြမ်းဖက်ခံရမှုအတွေ့အကြုံများလို့ သုံးနှုန်းထားတဲ့ အစီရင်ခံစာ တစ်ခု အပေါ် အထည်ချုပ်လုပ်ငန်းရှင်အသင်းက တုံ့ပြန်ရှင်းလင်းခဲ့ပါတယ်။

အမျိုးသမီးတွေအရေး အလေးပေးဆောင်ရွက်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း Action Aid ရဲ့ ၂၁၀၇ ဇွန်လမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာက အထည်ချုပ်လုပ်ငန်းတွေရဲ့ ပုံရိပ်ကို ထိခိုက်မှု တွေရှိနေတဲ့အတွက် ဒီကနေ့ ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်မှာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

Action Aid အစီရင်ခံစာ မှာသုံးနှုန်းထားတဲ့ အသုံးအနှုန်းကြောင့် နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံက စက်ရုံ အလုပ်ရုံတွေရဲ့ ပုံရိပ်ကျဆင်းစေတာကြောင်း ရှင်းလင်းရတာဖြစ်တယ်လို့ သိရပါတယ်။

Action Aid ဘက်က တက်ရောက်လာတဲ့ ဌာနေကိုယ်စားလှယ် မခိုင်ဇာလင်းက သူတို့အနေနဲ့ အမျိုးသမီး တွေရဲ့ ကျား၊ မရေးရာခွဲခြားခံစားမှု ရှု့ထောင့်ကနေသာ အဲဒီ အစီရင်ခံစာကို ရေးသား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်ဖို့ မရည်ရွယ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည် ရှင်းလင်းပါတယ်။

အဲဒီအစီရင်ခံစာနဲ့ ပတ်သတ်လို့ ဝန်ကြီး ဦးဇော်အေးမောင်က Action Aid အနေနဲ့ တာဝန်ယူမှုရှိရှိနဲ့ ပြန်ပြင် ပေးဖို့ ရုပ်သိမ်းပေးဖို့ တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။ Action Aid ဘက်ကလည်း မူရင်း အစီရင်ခံစာ ဟာ အင်္ဂလိပ်ဘာသာနဲ့ဖြစ်ပြီး မြန်မာပြန်ဆိုရာမှာ စကားလုံး အသုံးအနှုန်းတွေကိုပြန်လည်စီစစ်ပြီး ပြင်သွားမှာဖြစ်ကြောင်း၊ အချက်အလက် လွဲချော်မှု အတွက်လည်းတောင်းပန်ကြောင်း ပြောခဲ့ပါတယ်။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Recommended