အလုပ်သမားတွေ သက်သက်သာသာဆေးကုနိုင်ဖို့ လူမှုဖူလုံရေးက ဆေးခန်းထပ်ဖွင့်
  • 7 years ago
အလုပ်သမားတွေဆေးကုသနိုင်ဖို့အတွက် လူမှုဖူလုံရေးအဖွဲ့ ကပုဂ္ဂလိက နဲ့ ပူးပေါင်းပြီး ဆေးခန်းတစ်ခု
ကို အခုလ ၁၀ ရက်မှာ ဖွင့်လှစ်မယ့်လို့ သိရပါတယ် ။ အဲဒီဆေးခန်းကိုတော့ရွှေပြည်သာမြို့မှာ ဖွင့်မှာပါ။

အလုပ်သမားတွေအဆင်ပြေပြေ ဆေးကုနိုင်ဖို့ လူမှုဖူလုံရေး ဆေးခန်းတွေကို တိုးချဲဖွင့်လှစ် တဲ့အနေနဲ့ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန ၊ လူမှုဖူလုံရေးအဖွဲ့က ညွှန်ကြားရေးမှူးဒေါ်သန်းသန်းနုက ဆိုပါတယ်။

လက်ရှိလူမှုဖူလုံရေး အဖွဲ့က ဖွင့်လှစ်ထားတဲ့ လူမှုဖူလုံရေး ဆေးခန်းဟာ တနိုင်ငံလုံးမှာ ၉၆ခန်း ရှိတယ်လို့ သိရပါတယ်။
အခုဆိုရင်အလုပ်သမားဦးရေ တစ်သန်း ခြောက်သောင်းကျော်ဟာ လူမှုဖူလုံရေး မှတ်ပုံတင်ထားပြီဖြစ်ပြီး တစ်လကို ထည့်ဝင်ငွေ ကျပ် သန်းခြောက်ထောင်ခန့် ရရှိပြီ ဖြစ်တယ်လို့ဒေါ်သန်းသန်းနု ပြောကြားချက် အရ သိရပါတယ်။

လူမှုဖူလုံရေးမှတ်ပုံတင် အကြုံးဝင်တဲ့ မြို့နယ် စုစုပေါင်း ၁၁၆ မြို့နယ် ရှိလာပြီ ဖြစ်ပြီးနောက်ထပ် မြို့နယ်တွေမှာ တိုးချဲ့သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်- အလှလေး သူဇာ
Recommended