DVB Debate Report :“No vacant lands for the homeless”

  • 8 years ago
မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားအိမ်ယာမဲ့တွေအတွက် တန်းဖိုးနည်းငှားတဲ့ အိမ်ရာစီမံကိန်းတွေလုပ်မှ ပြေလည်နိုင်မယ်လို့ အခုအပတ်ဒီဘိတ်မှာ တက်ရောက်ဆွေးနွေးသူတွေက ပြောဆို
ပါတယ်။
အစိုးရအနေနဲ့ တဖြည်းဖြည်းကြီးထွားလာတဲ့ ကျူးကျော်နဲ့အိမ်ယာမဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ၂၀၁၃-
၂၀၁၄ ခုနှစ်ကစပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အများစုလက်လှမ်းမမှီ
နိုင်တဲ့ဈေးနှုန်းတွေဖြစ်နေတဲ့အပေါ် အခုလို တန်ဖိုးနည်းအငှားအိမ်ရာတွေဖော်ဆောင်ဖို့ တက်ရောက်
သူတွေက ထောက်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုစီမံကိန်းတွေလုပ်နိုင်ဖို့ အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေကို မြေယာနဲ့ သက်သာတဲ့အတိုးနဲ့ ချေးငွေ
စတာတွေကို ပံ့ပိုးပေးဖို့လိုတယ်လို့ ပြင်ပကနေ ၀င်ရောက်ဆွေးနွေးတဲ့ တော်ဝင်မိသားစုကုမ္ပဏီဥက္ကဌ
ဦးကိုကိုထွေးက ထောက်ပြဆွေးနွေပါတယ်။ ဒီဆွေးနွေးချက်အပေါ် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က အဲဒီလိုပံ့ပိုးပေးဖို့ ၀န်ကြီးဌာနမှာ မြေလွတ်မရှိကြောင်း ပြန်လည်ချေပ
ပြောဆိုပါတယ်။

အခုအပတ်ဒီဗီဘီ ဒီဘိတ်ကို မြန်မာနိုင်ငံရဲ့အိမ်ယာမဲ့တွေအပေါ် ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ခေါင်းစဉ်နဲ့
မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်းနာယက ဦးအောင်မြင့်၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဒေါ်မီမီတင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော် နဲ့ ဘောဂဗေဒ
ပညာရှင် ဦးခင်မောင်ညိုတို့က ဆွေးနွေးငြင်းခုံသွားခဲ့ကြတာဖြစ်ပါတယ်။

Recommended