DVB Debate Report: 'No government can do better than this one'

  • 8 years ago
အခုအပတ်ဒီဘိတ်ကို အစိုးရသစ်အနေနဲ့ သူတို့ရဲ့ကတိက၀တ်တွေကို ဘယ်လောက်အကောင် အထည်ဖော်နိုင်ခဲ့ပြီလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ် သွားခဲ့တာဖြစ်ပါတယ်။
အစိုးရသစ်ရဲ့ကတိက၀တ်တွေနဲ့ပတ်သတ်ပြီး လုပ်ဆောင်နိုင်မှုအပေါ် တက်ရောက် ဆွေးနွေးသူတွေ အကြား သဘောထားကွဲ လွဲမှုတွေရှိခဲ့ကြပါတယ်။အဲဒီထဲကတစ်ယောက်ဖြစ်တဲ့ ကေအန်ယူအမျိုးသားအစည်းရုံးက ပဒိုမန်းငြိမ်းမောင်ကအစိုးရသစ်ရဲ့အဓိကကတိက၀တ်ဖြစ်တဲ့
ကောင်းမွန်သောအစိုးရ သန့်ရှင်းသောအစိုးရဖြစ်အောင် လုပ်မယ်ဆိုတာဟာ ဖြစ်မလာဘူးလို့အခိုင်အမာပြောဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းတစ်ခုအဖြစ် ပုံသွင်းဖော်ဆောင်ခဲ့တဲ့အသွင်းပြောင်းအစိုးရသစ်ဟာ စတင်အုပ်ချုပ်လာတဲ့ ၂၀၁၁ခုနှစ်ကစပြီး ကတိက၀တ်များစွာကို ပြည်သူလူထုထံ ပြောဆိုခဲ့ပါတယ်။
အစိုးရခေါင်းဆောင်တစ်ယောက်အနေနဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်းပထမဆုံးပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။ ပြည်သူတွေအတွက်မျှော်လင့်ချက်အားဆေးဖြစ်ခဲ့ရပါတယ်။

အဲဒီကတိက၀တ်တွေထဲက အနည်းငယ်ကောက်နှုတ်ပြရရင်….
ဆင်းရဲမွဲတေမှုလျှော့ချရေး….
သန့်ရှင်းတဲ့အစိုးရတစ်ရပ်ဖြစ်ပေါ်လာရေး….
တရားဥပဒေစိုးမိုးရေး နဲ့ ငြိမ်းချမ်းရေး….
တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ လူမှုဘ၀တွေဖွံ့ဖြိုးတိုးတက်လာအောင်
အားပေးဆောင်ရွက်ရေး… စတာတွေဖြစ်ပါတယ်။
အခုဆိုရင် အစိုးရသက်တမ်း ၅ နှစ်မှာ ၄ နှစ်ရှိလာပြီဖြစ်ပါတယ်။
အခုအပတ် ဒီဘိတ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာသွားရောက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကတိက၀တ်တွေကို ဖော်ဆောင်တဲ့အခါမှာအစိုးရတစ်ရပ်တင်မကဘဲ အားလုံးကပါဝင်ဖို့ လိုအပ်ပြီး အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ပတ်သတ်ရင် ဘယ်သူတွေက အဓိကတာဝန်ရှိသလဲဆိုတဲ့အပေါ်မှာလည်း အကြေအလည်ဆွေးနွေးသွားခဲ့ကြပါတယ်။

Recommended