ဘုရားသခင်၏ အသံတော် | (ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်) ဒုတိယပိုင်း

  • 5 years ago
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းမှုအားလုံးထဲ၌ အမြင့်ဆုံးအရာဖြစ်သဖြင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူသည် လူသားဖြစ်ပြီး စာတန်မဟုတ်ပေ၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ပြီး နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်းကို ခံရမည့်အရာဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်အရာဖြစ်သည်၊ ထို့ပြင် လူသား၏ ဇာတိခန္ဓာကို စာတန်က ဖျက်ဆီးခဲ့ပြီးဖြစ်၍ ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာပင် ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် အကြီးအကျယ် ဖျက်ဆီးခြင်းကို အများဆုံးခံခဲ့ရပြီး၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုဟ်မွှေရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းကို ခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အခက်အခဲကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် တစ်ကြိမ်တည်းနှင့် ပြဿနာနှစ်ခုကို ဖြေရှင်းလေသည်။ ”

အသိပညာများ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း
https://my.kingdomsalvation.org/

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended