ဘုရားသခင်၏ အသံတော် | စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၅

  • 5 years ago
အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “၎င်းတို့၏ကိုယ်ပိုင်မျှော်လင့်ချက်များကို မစဉ်းစားသူ မည်သူရှိသနည်း။ ၎င်းတို့၏ကံကြမ္မာကြောင့် ပရိဒေဝဖိစီးမှု မခံစားရသူ မည်သူရှိသနည်း။ ဒုက္ခပင်လယ်အကြား မရုန်းကန်သူ မည်သူရှိသနည်း။ မိမိကိုယ်ကိုယ် လွတ်မြောက်ရန် အလိုဆန္ဒမရှိသူ မည်သူရှိသနည်း။ ကောင်းကင်နိုင်ငံ၏ ကောင်းချီးမင်္ဂလာများသည် မြေကြီးပေါ်၌ လူသား၏ ခဲယဉ်းပင်ပန်းမှုအတွက် အလဲအလှယ်လော။ လူသားဆန္ဒရှိသည်အတိုင်း ၎င်း၏အလိုဆန္ဒအားလုံးကို ဖြည့်ဆည်းနိုင်မည်လော။ တစ်ချိန်က ငါသည် လူသားရှေ့မှောက်တွင် နိုင်ငံတော်၏ လှပသောမြင်ကွင်းကို တင်ဆက်ခဲ့ဖူးသော်လည်း သူသည် ၎င်းကို လောဘမျက်လုံးများဖြင့် ငေးစိုက်ခြင်းသာ ပြုခဲ့၍ ၎င်းအတွင်းသို့ ဝင်ရောက်ရန် စစ်မှန်စွာ ပြင်းပြသည့်ဆန္ဒရှိသူ တစ်ဦးမျှမရှိခဲ့ပေ။ တစ်ချိန်က ငါသည် လူသားအား မြေကြီးပေါ်ရှိ စစ်မှန်သောအခြေအနေများကို ‘အစီရင်ခံခဲ့’သော်လည်း သူသည် နားထောင်သည်ထက် ပို၍မလုပ်ပေ၊ ထို့အပြင် ငါ၏နှုတ်မှ လာခဲ့သည့် နှုတ်ကပတ်တော်တို့ကို သူ၏နှလုံးသားဖြင့် ရင်ဆိုင်ခဲ့ခြင်းမရှိပေ။ တစ်ချိန်က ငါသည် လူသားအား ကောင်းကင်ပေါ်ရှိ အခြေအနေများကို ပြောပြခဲ့သော်လည်း သူသည် ငါ၏နှုတ်ကပတ်တော်တို့ကို အံ့ဖွယ်ပုံပြင်များကဲ့သို့ သဘောထားခဲ့၍ ငါ့နှုတ်မှဖော်ပြခဲ့သည်ကို စစ်မှန်စွာ လက်ခံခဲ့ခြင်းမရှိပေ။ ယနေ့၊ နိုင်ငံတော်၏မြင်ကွင်းများသည် လူသားအကြား လှစ်ခနဲပေါ်သော်လည်း ‘တောင်ထိပ်နှင့်တောင်ကြားဖြတ်ကျော်ခဲ့’ကာ ၎င်းကိုရှာခဲ့ဖူးသူ တစ်စုံတစ်ဦးရှိသလော။ လူသားသည် ငါ၏တိုက်တွန်းမှုမရှိဘဲ သူ၏အိပ်မက်မှ နိုးထခဲ့လိမ့်ဦးမည်မဟုတ်ပေ။ သူသည် မြေကြီးပေါ်ရှိ သူ့ဘဝကို အမှန်တကယ်ပင် လွန်စွာဘဝင်ခိုက်အောင် ကြည်နူးနေသလော။ သူ့နှလုံးသားတွင် မြင့်မားသောအဆင့်အတန်းများ အမှန်တကယ်ပင် မရှိသလော။”

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း
https://my.kingdomsalvation.org/

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended