ဘုရားသခင်၏အသံတော် အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ

  • 5 years ago
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ငါ ဧကန်အမှန် ဆိုသည်ကား၊ ငါ၏သည်းခံခြင်းသည် မကောင်းသော သင်တို့၏ အပြုအမူများအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ ထိုနေ့ရက်၌ သင်တို့ကို ပြစ်တင်ဆုံးမရန် တည်ရှိခြင်းဖြစ်သည်။ ငါ၏ သည်းခံနိုင်မှုသည် အဆုံးသို့ရောက်ရှိလာသည်နှင့် အမျက်ဒေါသ တရားစီရင်ခြင်းကို ခံမည့်သူသည် သင်တို့မဟုတ်သလော။ အရာခပ်သိမ်းသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲ၌ ရှိသည်မဟုတ်လော။ ကောင်းကင်အောက်တွင် ငါ့အားမနာခံဖို့ သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ကြွရောက်လာမည်ဟု ကြိုတင်ဟောထားကြသော်လည်း မည်သည့်အခါမျှ ပြန်မလာသေးသည့် မေရှိယနှင့် သင်တို့တွေ့ဆုံပြီ ဖြစ်သောကြောင့် သင်တို့ဘဝသည် အလွန်ခက်ခဲလိမ့်မည်။ သင်တို့သည် သူ၏ရန်သူ မဟုတ်သလော။ ယေရှုသည် သင်တို့နှင့် မိတ်ဆွေဖြစ်လာပြီ ဖြစ်သော်လည်း သင်တို့သည် မေရှိယ၏ ရန်သူဖြစ်နေဆဲပင်ဖြစ်သည်။ သင်တို့သည် ယေရှုနှင့် မိတ်ဆွေဖြစ်သော်လည်း သင်တို့၏ မကောင်းသော အပြုအမူများက စက်ဆုပ်ဖွယ် ကောင်းသောသူများ၏ အိုးကိုဖြည့်နေပြီဆိုသည်ကို သင်တို့မသိသလော။ သင်တို့သည် ယေဟောဝါနှင့် အလွန်နီးကပ်သော်လည်း မကောင်းသော သင်တို့၏ အပြောအဆိုများသည် ယေဟောဝါ၏ နားထဲသို့ရောက်ပြီး သူ၏ အမျက်ဒေါသကို လှုံ့ဆော်သည်ကို သင်တို့မသိပါသလော။ သူသည် အဘယ်သို့ သင်နှင့်နီးကပ်နိုင်မည်နည်း၊ မကောင်းသော အပြုအမူများနှင့် ပြည့်နှက်နေသည့် သင့်အိုးကို အဘယ်ကြောင့် သူသည် မီးရှို့ မဖျက်ဆီးနိုင်ရမည်နည်း။ သူသည် သင့်ရန်သူအဘယ်ကြောင့် မဖြစ်နိုင်မည်နည်း။"

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ
https://my.godfootsteps.org/videos/was-work-of-salvation-completed.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။



ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။

https://youtu.be/nugs15nKvBI

Recommended