ဘုရားသခင်၏ စကားတော် (ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်) ဒုတိယပိုင်း

  • 5 years ago
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့ဖော်ပြသည့်အရာသည် သူမြင်သော၊ တွေ့ကြုံရသောအရာနှင့် စိတ်ကူးနိုင်သောအရာများ ဖြစ်သည်။ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်နေလျှင်ပင် အားလုံးသည် လူသား၏တွေးခေါ်မှုမှ လက်လှမ်းမီနိုင်ပေသည်။ လူသား၏ အလုပ်အရွယ်အစား မည်သို့ပင် ဖြစ်လင့်ကစား ထိုအလုပ်သည် လူသား၏အတွေ့အကြုံ၊ သူမြင်တွေ့သည့်အရာ သို့မဟုတ် လူသား စိတ်ကူးထားသည့် သို့မဟုတ် တွေးထင်ထားနိုင်သည်ထက် ပိုလွန်နိုင်ခြင်းမရှိပေ။ ဘုရားသခင်ဖော်ပြသည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်ပြီး ထိုအရာသည် လူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည်။ ထိုအရာသည် လူသားတို့၏ စဉ်းစားနိုင်မှုထက် ကျော်လွန်သည်။ သူသည် လူသားအားလုံးကို ဦးဆောင်သည့် သူ့အလုပ်ကိုဖော်ပြပြီး ထိုအလုပ်သည် လူသားအတွေ့အကြုံနှင့်ပတ်သက်သော အချက်အလက် အတိအကျများနှင့် သင့်လျော်မှု မရှိပေ။ ထိုအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသားသည် သူ၏အတွေ့အကြုံကို ဖော်ပြနေသော်လည်း ဘုရားသခင်သည် သူ၏ဖြစ်တည်မှုကို ဖော်ပြလေသည်။ ဤဖြစ်တည်မှုသည် သူ၏ပင်ကိုစိတ်သဘောထားဖြစ်ပြီး လူသား လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်လေသည်။”

ဆောင်ရွက်မှုများ

သိုးသငယ်၏ ခြေရာနောက်ကို လိုက်မှီခြင်း- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်
https://my.kingdomsalvation.org/

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended