ဘုရားသခင်၏ စကားတော် (ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း)

  • 5 years ago
ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။ ယုဒလူတို့သည် ငါ၏ကျေးဇူးတော်ကြောင့် ငါ့ကိုယုံကြည်ကြပြီး ငါသွားရာနောက်သို့ လိုက်ခဲ့ကြသည်။ အသိဉာဏ်နှင့် အတွေ့အကြုံနည်းသည့် ဤမသိနားမလည်သော လူသားတို့သည် ငါပြသည့် နိမိလက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုတွေ့ရန်သာ ကြိုးပမ်းကြ၏။ အကြီးမြတ်ဆုံးအံ့ဖွယ်အမှုတို့ ပြုလုပ်နိုင်သည့် ယုဒလူတို့၏အိမ်၏ဦးခေါင်းဟု ငါ့ကိုမှတ်ယူကြ၏။ ထို့ကြောင့် ငါသည် လူသားတို့အထဲမှ နတ်ဆိုးတို့ကို နှင်ထုတ်သောအခါ ထိုသူတို့သည် ဇဝေဇဝါကြီးစွာဖြစ်လျက် ငါသည် ဧလိယဖြစ်၏။ ငါသည် မောရှေဖြစ်၏။ ငါသည် ပရောဖက်တို့အနက် ရှေးအကျဆုံး ဖြစ်၏။ ငါသည် အကြီးမြတ်ဆုံးသော သမားတော်ဖြစ်၏ဟု ၎င်းတို့အကြား ပြောဆိုကြ၏။ ငါသည် အသက်ဖြစ်၏။ လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ မည်သူမျှ ငါ၏ဖြစ်တည်ခြင်းကိုသော်၎င်း၊ ငါမည်သူမည်ဝါဖြစ်ခြင်းကိုသော်၎င်း မသိနိုင်ခဲ့။ ကောင်းကင်ဘုံသည် ငါ့အဖ နေထိုင်ရာနေရာဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့။ ငါသည် လူသားမျိုးနွယ်အားလုံးထံ ရွေးနုတ်ခြင်းကို ယူဆောင်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးမည်ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည် လူသားတို့ကို ရွေးနုတ်တော်မူသောသူ ဖြစ်ကြောင်း မည်သူမျှမသိခဲ့။ လူသားတို့သည် ငါ့ကို ကျေးဇူးပြုတတ်သောသူနှင့် သနားကြင်နာတတ်သောသူအဖြစ်သာ သိခဲ့ကြသည်။ ထို့အပြင် ငါမည်သူ ဖြစ်သည်အားလုံးကို ငါကိုယ်တိုင် ရှင်းပြနိုင်ခြင်းမှလွဲ၍ မည်သူမျှ ငါ့ကိုမသိ။ ထို့အပြင် ငါသည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို မည်သူမျှ ယုံကြည်ခြင်းမရှိ။ လူသားသည် ငါ့ကို ဤသို့သာယုံကြည်ပြီး ငါ့ကို ဤသို့ လှည့်စားခဲ့သည်။ ငါ့အပေါ် ဤသို့အမြင်များရှိလျှင် လူသားသည် ငါ့အတွက် မည်သို့သက်သေခံနိုင်မည်နည်း။

အသိပညာမျာ:
ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ
https://my.godfootsteps.org/testimonies-categories/testimonies-of-returning-to-God.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။


ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။
http://www.greenmountaindrone.com
Outback Polaks https://www.youtube.com/user/lensure/videos

Recommended