နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း)

  • 5 years ago
ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ ကိုယ်တော်၏ လုပ်ဆောင်မှုအားလုံး လက်တွေ့ကျပြီး ကိုယ်တော်ပြောသည့် နှုတ်ကပတ်တော်အားလုံးသည် လက်တွေ့ကျကာ ကိုယ်တော်ဖော်ပြသည့် သမ္မာတရားအားလုံးသည် လက်တွေ့ကျသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော် မဟုတ်သော အရာအားလုံးသည် အသိဉာဏ်ပညာ ကင်းမဲ့၏၊ အမှန်တကယ်မရှိ၊ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်သို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့ကျခြင်းသို့ ၀င်ရောက်ရမည်ဆိုပါက စစ်မှန်ခြင်းကို ရှာဖွေရမည်၊ စစ်မှန်ခြင်းကို သိရမည်။ ထို့နောက် ၎င်းတို့သည် လက်တွေ့ကျခြင်းကို ကျင့်သုံးပြီး လက်တွေ့ကျခြင်း၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့ကျခြင်းကို သိရှိမှုများလေလေ၊ အခြားသူများ၏ စကားလုံးများသည် အမှန်တကယ် ဟုတ်မဟုတ်ကို ပြောဆိုနိုင်လေလေ ဖြစ်မည်။ လက်တွေ့ကျခြင်းကို သိရှိမှုများလေလေ၊ စိတ်ကူးစိတ်သန်းများ နည်းလေလေဖြစ်မည်။ လက်တွေ့ကျခြင်းကို တွေ့ကြုံမှုများလေလေ၊ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကို သိလေလေဖြစ်ပြီး၊ ထိုသူတို့သည် ၎င်းတို့၏ဖောက်ပြန်မှု၊ စာတန်ဆန်သော စိတ်သဘောထားတို့မှ လွတ်မြောက်နိုင်လိမ့်မည်၊ လူတို့တွင် လက်တွေ့ကျခြင်း ရှိလေလေ၊ ဘုရားသခင်အား ၎င်းတို့ပိုမို သိရှိလေလေဖြစ်ပြီး၊ ထိုသူတို့သည် ဇာတိပကတိကို မုန်းတီး၍ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်မည်၊ လူတို့သည် လက်တွေ့ကျခြင်းရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် နီးစပ်လေလေဖြစ်မည်။

အသိပညာမျာ:
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း
https://my.godfootsteps.org/about-us.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended