ခြေဥပြင်ဆင်ရေး၊ နိုင်ငံရေးတင်းမာမှုတွေနဲ့ မြန်မာ့ လွှတ်တော်(ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ ဇူလိုင် ၄၊ ၂၀၁၉

ယခုနှစ်ဆန်းပိုင်းကနေစပြီးတော့ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ NLD ကနေ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားခဲ့တဲ့နောက်ပိုင်း NLD နဲ့အချို့တိုင်းရင်းသားအဖွဲ့တွေက တစ်ဖက်၊ တပ်မတော်နဲ့ကြံ့ခိုင်ရေးနဲ့ သူတို့ရဲ့ မဟာမိတ်ပါတီတွေက တစ်ဖက် အကြိတ်အနယ် နိုင်ငံရေးတင်းမာမှုတွေ လွှတ်တော်တွင်းရှိခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာရော အဲ့ဒီတင်းမာမှုတွေကဘယ်လို အလားအလာတွေရှိမလဲ၊ရွေးကောက်ပွဲအလွန်မှာရောဘယ်လိုပုံပေါ်လာမလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး နဲ့ အတူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးတို့က ဆွေးနွေးထားပါတယ်။

ရိုက်ကူး - ကျော်သူရ၊ ဆလိုင်းဟောက်ခိုင်
တည်းဖြတ် - ကျော်သူရ

Recommended