တရားမမှုများတွင် စေ့စပ်ဖြေရှင်းရေးနည်းလမ်း စမ်းသပ်ကျင့်သုံးမည် (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉

တရားမမှုများတွင် နှစ်ဖက်စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို နေပြည်တော်နဲ့ တောင်ငူမြို့တွေက ခရိုင်တရားရုံး တချို့မှာ မတ်လ ၁ရက်နေ့ကနေ စတင်စမ်းသပ်ကျင့်သုံးတော့မှာဖြစ်ပါတယ်။

တရားရုံးမှာ တရားမမှုစတင်စွဲဆိုပြီးနောက် နှစ်ဘက်အမှုသည်တွေ ဆန္ဒရှိရင် အငြင်းပွားမှုကို စေ့စပ်ဖြေရှင်းရေး အရာရှိက ညှိနှိုင်းဖြေရှင်းပေးမှာဖြစ်ပြီး နှစ်ဘက်အကြား သဘောတူညီမှုရရှိတယ်ဆိုရင် တရားရုံးကိုတင်ပြပြီး အမှုကို ရုပ်သိမ်းခြင်း ၊ ဝန်ခံဒီကရီချမှတ်ခြင်း၊ ပြေငြိမ်းဒီကရီချမှတ်ခြင်း တွေ ဆောင်ရွက်နိုင်မှာဖြစ်သလို သဘောတူညီမှုမရရှိတယ်ဆိုရင် တရားမကျင့်ထုံးဥပဒေအရ ဆက်လက်စစ်ဆေးကြားနာခြင်းတွေ ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

ရိုက်ကူး - ကျော်မျိုး
တည်းဖြတ် - ဝေယံမိုးမြင့်

Recommended