ချောင်းသာကမ်းခြေ ဈေးသည်များနဲ့ အတည်တကျ ဈေးရောင်းချခွင့် (ရုပ်/သံ)

  • 7 years ago
ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ နာမည်ကျော် ချောင်းသာကမ်းခြေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ
၁ ရက်နေ့က စတင်ပြီး ဆိုင်ခန်းတည်ခင်းဈေးရောင်းချခွင့်တွေ ပိတ်ပင်ထားတာကြောင့် ဈေးသည်ပေါင်း
၁၀၀ ကျော် ဈေးရောင်းဖို့ အခက်တွေ့နေပြီး စားဝတ်နေရေးတွေပါ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဈေးရောင်းချဖို့ အခက်အခဲဖြစ်နေတဲ့ ကမ်းခြေဈေးသည်တွေအတွက် ညဈေးတန်းလိုမျိုး နေရာအတည်တကျရောင်းချနိုင်မယ့် ဈေးတခု အစိုးရအနေနဲ့ တည်ဆောက်ပေးမယ်ဆိုရင် ဈေးသည်တွေအတွက်ရော ခရီးသွားတွေအတွက်ပါ အဆင်ပြေနိုင်မယ်လို့ ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အကြံပြု ပြောဆိုပါတယ်။

Recommended