အစိုးရ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပေါ် ဒုတိယ သမ္မတဟောင်း မေးခွန်းထုတ် (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ သြဂုတ် ၂၀၊ ၂၀၁၉

နိုင်ငံတော် သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်များသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Pardon) သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ဖြစ်သည်ကို ကွဲကွဲပြားပြား သိလိုကြောင်း ဒုတိယ သမ္မတဟောင်း ဦးဥာဏ်ထွန်းက ယနေ့ လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

သမ္မတသည် ကာ/လုံ မခေါ်ပါက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Pardon) သာပေးခွင့် ရှိသော်လည်း ပြန်ကြားရေးက ထုတ်ပြန်သည့် အင်္ဂလိပ် သတင်းစာတွင် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ဟု ဖော်ပြခဲ့သဖြင့် ယနေ့ လွှတ်တော်တွင် မေးခွန်းထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရိုက်ကူး - ထက်နိုင်ဇော်

တည်းဖြတ်- ကျော်မျိုး

Recommended