ပိုမိုထိရောက်တဲ့ အဂတိတိုက်ဖျက်ရေးဖြစ်ဖို့ NLD အမတ်တွေ ဘာပြောလဲ (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ မေ ၂၀ ၊ ၂၀၁၉

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ညွှန့်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါ တယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တနှစ်လုံးရရှိတဲ့ တိုင်ကြားစာ ၁သောင်းကျော် အနက် အမှုပေါင်း ၄၆မှုသာ ဖော်ထုတ်နိုင်ခဲ့ပြီး အဲ့ဒီဖော်ထုတ်နိုင်မှု တိုင်ကြားစာရရှိမှုနဲ့စာရင် နည်းပါးသော်လည်း ရှိသမျှ စွမ်းဆောင်ရည်ကို အမြင့်ဆုံး အသုံးပြုခဲ့တာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုပြီး ကော်မရှင်အနေနဲ့ အရှိန်မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အင်တာဗျူး -ထက်နိုင်ဇော်

ရိုက်ကူး- ကျော်မျိုး

Recommended