ခရစ်ယာန်ဘာသာ ရုပ်ရှင်(ပညာရှိသောသတို့သမီးတွေဟာ ဘယ်လိုချီဆောင်ခြင်းခံရမှာလဲ)

  • 5 years ago
လူတချို့က ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့အရေးနဲ့ပတ်သက်ရင် ရှင်ပေါလုရဲ့အဆိုအမိန့်ကို လိုက်နာကြပါတယ်။ “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်” (၁ ကော ၁၅:၅၂) လို့ဆိုတယ်။ လူတွေဟာ အပြစ်ကျူးလွန်တတ်တဲ့သဘာဝကို မချိုးဖျက်ဘဲ အပြစ်တွေကို အမြဲလုပ်နေကြတုန်းဖြစ်ပေမယ့်၊ သခင်ဟာ သူတို့ကိုပြောင်းလဲစေပြီး ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်သွားမှာပဲလို့ သူတို့က ယုံကြည်ကြတာပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့မိန့်ဆိုချက်ကို လိုက်နာကြသူတွေလည်း ရှိနေပြန်တယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁) "ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။" (၁ ပေ ၁:၁၆) ဒီလိုလူတွေကျတော့ အပြစ်ကို အမြဲလုပ်နေသူတွေဟာ သန့်ရှင်းခြင်းကိုရဖို့ ဝေးလွန်းပြီး၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့ အရည်အချင်းမပြည့်မီဘူးလို့ ယုံကြည်ကြတယ်။ ဒီလိုနဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ ဆွေးနွေးပွဲတစ်ခု စလာခဲ့ပါတယ်။ ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခံရဖို့ဆိုရင် ဘယ်လိုလူတွေက အရည်အချင်းပြည့်မီကြမလဲ။ ဒါကြောင့် ဒီ ဗီဒီယိုဇာတ်လမ်းတိုလေးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆောင်ရွက်မှုများ


https://my.kingdomsalvation.org/videos/God-s-words-are-unchanging-truth-hymn.html

တံဆိပ်များ:

#ဧဝံဂေလိတရား, #ဘုရားသခင်၏နှုတ်ကပတ်တော်, #သမ္မာကျမ်းစာ, #နောက်ဆုံးသောကာလ, #ကောင်းကင်နိုင်ငံတော်,

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended