အသက္ ၁၂ ႏွစ္အရြယ္ ကေလးငယ္ မကၠဆီကို နာမည္ႀကီး တကၠသိုလ္မွာ တက္ေရာက္ခြင့္ရၾသဂုတ္ - ၄ ၊၂၀၁၈ အသက္ ၁၂ ႏွစ္အရြယ္ ဉာဏ္ႀကီးရွင္ ကေလးငယ္ တစ္ဦးဟာ မကၠဆီကို တကၠသိုလ္ တစ

  • 6 years ago
အသက္ ၁၂ ႏွစ္အရြယ္ ကေလးငယ္ မကၠဆီကို နာမည္ႀကီး တကၠသိုလ္မွာ တက္ေရာက္ခြင့္ရ

ၾသဂုတ္ - ၄ ၊၂၀၁၈

အသက္ ၁၂ ႏွစ္အရြယ္ ဉာဏ္ႀကီးရွင္ ကေလးငယ္ တစ္ဦးဟာ မကၠဆီကို တကၠသိုလ္ တစ္ခုမွာ တက္ေရာက္ ပညာသင္ခြင့္ ရရွိသြားခဲ့ပါတယ္။

မကၠဆီကိုစီးတီး ၿမိဳ႕ေတာ္က နာမည္ႀကီး အမ်ိဳးသား ကိုယ္ပိုင္ စီမံခန္႔ခြဲမႈ တကၠသိုလ္ဟာ ကားလုိ႔စ္ ဆန္တာမီရာ ဒီယက္ဇ္ရဲ႕ ပညာသင္ခြင့္ ေလွ်ာက္ထားမႈကို တရားဝင္ လက္ခံလုိက္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ဒါဟာ တကၠသိုလ္ သမုိင္းမွာေတာ့ ဘြဲ႕ဒီဂရီ ေပးအပ္မယ့္ သင္႐ိုးေတြအတြက္ အသက္အငယ္ဆံုး သင္တန္းသား လက္ခံမႈ အျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒီယက္ဇ္ဟာ ဇီဝေဆးဖက္ဆိုင္ရာ ႐ူပေဗဒ အထူးျပဳ ဘြဲ႕အတြက္ တကၠသိုလ္မွာ တက္ေရာက္ ပညာသင္ယူသြားမယ္လုိ႔ သိရပါတယ္။

တကၠသိုလ္ရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ဟာ ဒီယက္ဇ္ရဲ႕ ဉာဏ္ရည္ ထက္ျမက္မႈနဲ႔ ပညာထူးခၽြန္မႈေတြကို သူ႔အသက္ ၉ ႏွစ္ အရြယ္မွာ စတင္ သတိျပဳမိလာခဲ့တာ ျဖစ္ပါတယ္။

အဲဒီတုန္းက ဒီယက္ဇ္ဟာ တကၠသိုလ္က ဖြင့္လွစ္တဲ့ ဇီဝ ဓာတုေဗဒနဲ႔ ေမာ္လီက်ဴးဆိုင္ရာ ဇီဝေဗဒ သင္တန္းေတြကေန ဒီပလိုမာ ရယူႏုိင္ခဲ့ပါတယ္။

#မကၠဆီကို #ကေလးငယ္ #တကၠသိုလ္ #7DAY TV

(Unicode)

အသက် ၁၂ နှစ်အရွယ် ကလေးငယ် မက္ကဆီကို နာမည်ကြီး တက္ကသိုလ်မှာ တက်ရောက်ခွင့်ရ

သြဂုတ် - ၄ ၊၂၀၁၈

အသက် ၁၂ နှစ်အရွယ် ဉာဏ်ကြီးရှင် ကလေးငယ် တစ်ဦးဟာ မက္ကဆီကို တက္ကသိုလ် တစ်ခုမှာ တက်ရောက် ပညာသင်ခွင့် ရရှိသွားခဲ့ပါတယ်။

မက္ကဆီကိုစီးတီး မြို့တော်က နာမည်ကြီး အမျိုးသား ကိုယ်ပိုင် စီမံခန့်ခွဲမှု တက္ကသိုလ်ဟာ ကားလို့စ် ဆန်တာမီရာ ဒီယက်ဇ်ရဲ့ ပညာသင်ခွင့် လျှောက်ထားမှုကို တရားဝင် လက်ခံလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါဟာ တက္ကသိုလ် သမိုင်းမှာတော့ ဘွဲ့ဒီဂရီ ပေးအပ်မယ့် သင်ရိုးတွေအတွက် အသက်အငယ်ဆုံး သင်တန်းသား လက်ခံမှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီယက်ဇ်ဟာ ဇီဝဆေးဖက်ဆိုင်ရာ ရူပဗေဒ အထူးပြု ဘွဲ့အတွက် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ယူသွားမယ်လို့ သိရပါတယ်။

တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဒီယက်ဇ်ရဲ့ ဉာဏ်ရည် ထက်မြက်မှုနဲ့ ပညာထူးချွန်မှုတွေကို သူ့အသက် ၉ နှစ် အရွယ်မှာ စတင် သတိပြုမိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဒီယက်ဇ်ဟာ တက္ကသိုလ်က ဖွင့်လှစ်တဲ့ ဇီဝ ဓာတုဗေဒနဲ့ မော်လီကျူးဆိုင်ရာ ဇီဝဗေဒ သင်တန်းတွေကနေ ဒီပလိုမာ ရယူနိုင်ခဲ့ပါတယ်။

#မက္ကဆီကို #ကလေးငယ် #တက္ကသိုလ် #7DAY TV

Recommended