မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်း မော်တော်တစ်စီး မီးလောင်မှု

  • 5 years ago

မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်းမှာ ဒီဇင်ဘာလ ၂၆ ရက်၊ မနက် ၉ နာရီခန့်ကနေ စတင်ပြီး မော်တော်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုကို အဆင့် ၂ သတ်မှတ်ပြီး ငြိမ်းသတ်ခဲ့ရာမှာ မွန်းတည့် ၁၂ နာရီမှာတော့ မီးထိန်းနိုင်ခဲ့ပါတယ်။

မီးစတင်လောင်ကျွမ်းမှုနဲ့ ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပါဘူး။ မီးလောင်နေတဲ့ မော်တော်ပေါ်မှာ စက်သုံးဆီပေပါတွေရှိနေတာကြောင့် မီးငြိမ်းသတ်မှုအခက်အခဲတွေရှိခဲ့သလို လူတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ရိုက်ကူး - အောင်ကိုဦး
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended