မန္တလေး-မူဆယ်အမြန်ရထားလမ်းစီမံကိန်း လက်ရှိအစိုးရသက်တမ်းမှာ အကောင်အထည်ဖော်နိုင်မလား(ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ သြဂုတ် ၃၁၊ ၂၀၁၉

မန္တလေး-မူဆယ်အမြန်ရထားလမ်းစီမံကိန်းကို ဦးသိန်းစိန် အစိုးရဟောင်းလက်ထက်မှာ စီမံဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် လက်ရှိအစိုးရသစ်လက်ထက်မှာ စီမံကိန်းအကောင်အထည်ဖော်ဖို့ လိုအပ်တဲ့စစ်ဆေးမှုတွေပြန်လည်လုပ်ဆောင် နေတယ်လို့သိရပါတယ်။

ရထားလမ်းအရှည်ဟာ ကီလိုမီတာ(၅၀၀)ရှိပြီး တစ်နာရီကို ကီလိုမီတာ(၁၆၀)ကျော်ခုတ်မောင်းမှာဖြစ်ပြီး မန္တလေး-မူဆယ်ကို ၃ နာရီသာ ခုတ်မောင်းမှာဖြစ်ပါတယ် ။

ရထားလမ်းဖောက်လုပ်စဉ်မှာ ဖြတ်သန်းသွားလာရမယ့် မြို့တွေကတော့ မူဆယ်၊ နမ့်ဖက်ကာ၊ ပြင်ဦးလွင်၊ မန္တလေး စတဲ့မြို့များကို ဖြတ်သန်းသွားမှာဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၈ဒဿမ၉ဘီလီယံ)ခန့်ကုန်ကျမှာ ဖြစ်တယ်လို့သိရပါတယ် ။

ရိုက်ကူး/တည်းဖြတ်-ဝေနှင်းထွဋ်

Recommended