ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းတရားရုံးတွင် ရုံးထုတ် *
  • 4 years ago
ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်
**********************************
တပ်မတော်မှ တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ ဖြစ်ကြသော ကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ ၊ မဆုရတနာမြင့်တို့ကို နိုဝင်ဘာ ၂၀ ရက်နေ့က မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယခုရုံးချိန်းတွင် တရားလိုဘက်မှ ယခင်တရားရုံးများ၌ ပြစ်မှုချမှတ်ထားသည့် သက်သေခံ၊ အထောက်အထား များတင်ပြလာခဲ့ပြီး အဆိုပါတင်ပြမှုသည် ပြစ်ဒဏ်ချမှတ်ထားပြီး ဖြစ်သောကြောင့် ယခု တရားစွဲဆိုထားသည့် အမှုအပေါ် အပြစ်မရှိကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဘက်က ထွက်ဆိုခဲ့သည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63150
ရိုက်ကူး/တည်းဖြတ် - နန့်ခိုင်

(zawgyi)
**********************************


Recommended