သတင်းထောက်တစ်ဦးနှင့် အောင်သပြေရွာသား ၄၂ဦးကို ပုဒ်မ(၅)ခုဖြင့် စွဲချက်တင်

  • 5 years ago
သတင်းထောက်တစ်ဦးနှင့် အောင်သပြေရွာသား ၄၂ဦးကို ပုဒ်မ(၅)ခုဖြင့် စွဲချက်တင်

#မဇ္ဈိမ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတည်ဆောက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်ဆန္ဒပြရင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနမှ သတင်းထောက် အောင်ကြည်မြင့်(ခ)နန္ဒ(တစ်ကိုယ်တော်)နှင့် ဦးရွှေအုန်းပါ အာင်သပြေကျေးရွာ ဒေသခံ ၄၂ ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ပုဒ်မ ၅ ခုဖြင့် ဇွန်လ ၁၃ ရက်က တရားစွဲတင်ခဲ့သည်။

(ရိုက်ကူး / တည်းဖြတ် - ကိုကိုအောင်/မဇ္ဈိမ)

Recommended