ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ- ၅ဝ၅(က)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ

  • 5 years ago
ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ- ၅ဝ၅(က)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ
*****************************
" တပ်မတော်ပြိုကွဲဖို့သော် လည်းကောင်း၊ တပ်မတော် အပြန်အလှန်ပေါ့နော် လေးစားမှုပျက်ကွက်ဖို့ သော် လည်းကောင်း၊ အဲ့ဒီ ရည်ရွယ်ချက်တွေမရှိဘူး။ အဲ့ဒီရည်ရွယ်ချက်တွေရှိပါတယ်ဆိုတဲ့ သက်သေမပြနိုင်ဘူး။ ပြီးတော့ကျတော့ တပ်မတော်လည်း မပြိုကွဲဘူး။ နောက်ပြီးတော့ တပ်မတော် အပြန်အလှန်လေးစားမှုလည်း မပျက်စီးဘူး။ တပ်မတော်ပြိုကွဲတယ်ဆိုတဲ့ သက်သေလည်း မရှိဘူး"

~ဒါရိုက်တာမင်းထင်ကိုကိုကြီး

ဇူလိုင်လ ၁၈ ရက်နေ့၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ရုံးထုတ်စစ် ဆေးခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က) ဖြင့် စွဲချက်တင်ကြောင်း မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Recommended