FMI Cityတွင် တရုတ် ၅ ဦးကို နေအိမ်ငှားရမ်းထားသည့် အိမ်ရှင်အား ဥပဒေအရ အရေးယူဆောင်ရွက်ထား

  • 4 years ago
FMI Cityတွင် တရုတ် ၅ ဦးကို နေအိမ်ငှားရမ်းထားသည့် အိမ်ရှင်အား ဥပဒေအရ အရေးယူဆောင်ရွက်ထား
********************************
လှိုင်သာယာမြို့နယ် အမှတ်၄ရပ်ကွက်ရှိ FMI City တွင် ပြီးခဲ့သည့် ဒီဇင်ဘာ၇ရက်နေ့က ရဲတပ်ဖွဲ့ ၂ ဦးနှင့် အရပ်သား၄ဦးအား ဒဏ်ရာရအောင် ရန်ပြုတိုက်ခိုက်ခဲသည့် တရုတ်နိုင်ငံသား ၅ဦးအား နေအိမ်ငှားရမ်းထားသည့်အိမ်ရှင်ကို ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဌာနဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

"တရားဝင်နေထိုင်ခွင့်ရထားတယ်ဆိုတာထက် ဗီဇာနဲ့လာတာတော့ဟုတ်တယ်။ နောက် ပတ်စပို့လည်းတရားဝင်ကိုင်ဆောင်ပါတယ်။ ဒါပေမယ့်လို့ ဖောင်စီတိုင်ကြားခြင်းမရှိတဲ့အတွက် အမတို့ အိမ်ရှင်ကို ဖောင်စီတိုင်ကြားခြင်းမရှိတဲ့အပေါ်မှာ ဥပဒေအရ အရေးယူမှုတွေဆောင်ရွက်ထားပါတယ်"ဟု ၎င်းကဆိုသည်။

ရိုက်ကူး/တည်းဖြတ် - လာဘ်ရတနာဗိုလ်
(zawgyi)
FMI Cityတြင္ တ႐ုတ္ ၅ ဦးကို ေနအိမ္ငွားရမ္းထားသည့္ အိမ္ရွင္အား ဥပေဒအရ အေရးယူေဆာင္႐ြက္ထား
********************************
လႈိင္သာယာၿမိဳ႕နယ္ အမွတ္၄ရပ္ကြက္ရွိ FMI City တြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာ၇ရက္ေန႔က ရဲတပ္ဖြဲ႕ ၂ ဦးႏွင့္ အရပ္သား၄ဦးအား ဒဏ္ရာရေအာင္ ရန္ျပဳတိုက္ခိုက္ခဲသည့္ တ႐ုတ္ႏိုင္ငံသား ၅ဦးအား ေနအိမ္ငွားရမ္းထားသည့္အိမ္ရွင္ကို ဥပေဒအရ အေရးယူေဆာင္႐ြက္ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းျမစ္ဌာနဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာသည္။
"တရားဝင္ေနထိုင္ခြင့္ရထားတယ္ဆိုတာထက္ ဗီဇာနဲ႔လာတာေတာ့ဟုတ္တယ္။ ေနာက္ ပတ္စပို႔လည္းတရားဝင္ကိုင္ေဆာင္ပါတယ္။ ဒါေပမယ့္လို႔ ေဖာင္စီတိုင္ၾကားျခင္းမရွိတဲ့အတြက္ အမတို႔ အိမ္ရွင္ကို ေဖာင္စီတိုင္ၾကားျခင္းမရွိတဲ့အေပၚမွာ ဥပေဒအရ အေရးယူမႈေတြေဆာင္႐ြက္ထားပါတယ္"ဟု ၎ကဆိုသည္။
႐ိုက္ကူး/တည္းျဖတ္ - လာဘ္ရတနာဗိုလ္

Recommended