ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုအား ရထားလမ်းပိုင်းပိတ်ပြီး လုပ်ဆောင်မည်

  • 5 years ago
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုအား ရထားလမ်းပိုင်းပိတ်ပြီး လုပ်ဆောင်မည်
********************
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းအနေဖြင့် လာမည့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင် ကာ အင်းစိန်- ကြည့်မြင်တိုင် ရထားလမ်းပိုင်းနှင့် တညင်းကုန်း- ပုရွက်ဆိတ်ကုန်း ရထားလမ်းပိုင်းတို့အား အဆင့်မြှင့်တင်မှုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ အဆင့်မြှင့်တင်ရာတွင် ရထားလမ်းပိုင်းပိတ်ပြီး လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ခရီးသည်များ အနေဖြင့် ခရီးစဉ်အခက်အခဲမရှိစေရန် YBS ဘတ်စ်ကားများဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီး ရထားမှ တာဝန်ရှိသူများက ပြောသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Recommended