ရန်ကုန်မြို့အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများသို့ တပ်ချုပ် သွားရောက်လှူဒါန်း

  • 5 years ago


ရန်ကုန်မြို့အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများသို့ တပ်ချုပ် သွားရောက်လှူဒါန်း
*******************************
ရန်ကုန်မြို့အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများဖြစ်သည့် ညောင်တုန်းဘုန်းကြီးကျောင်းတိုက်၊ အိန္ဒိယ ဧက္ကရာဇ် ဇဘာရှား ဂူဗိမာန် ၊ ဘားလမ်းမွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ ၊ဟိန္ဒူဘုရားကျောင်းနှင့်ကက်သလစ် သီလရှင်လေးများဘိုးဘွားရိပ်သာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တင်ဘာ ၁၇ ရက်က သွားရောက်လှူဒါန်းခဲ့သည်။

တပ်မတော် ( ကြည်း၊ ရေ၊ လေ) မိသားစုဝင်များက လှူဒါန်းသည့် ကျပ်သိန်း ၃၀ နှင့် အခြားအလှူရှင်များက လှူဒါန်းသည့် လှူဒါန်းငွေ စုစုပေါင်း ကျပ် ၇၇ သိန်းနှင့် အစားအသောက်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60589
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended