ရန်ကုန်မြို့လယ်ခေါင် Yoma Central စီမံကိန်းကို ၄ နှစ်အတွင်း အပြီးသတ်တည်ဆောက်သွားမည်

  • 7 years ago
မီးရထားရုံးချူပ်ဟောင်းကို ပြုပြုင်ထိန်းသိမ်းတည်ဆောက်မည့် Peninsula Hotel စီမံကိန်းအပါအ၀င် အဆင့်မြင့်လူနေအိမ်ရာ၊ ရုံးခန်းတာဝါ၊ စီးပွားရေးဟိုတယ်စီမံကိန်းနှင့် ဈေးဧရိယာများ ပါဝင်မည့် ရန်ကုန်မြို့လယ်ခေါင် Yoma Central စီမံကိန်းကို ၂၀၂၀ ခုနှစ်အကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်း၏ စုပေါင်းရင်းနှီးမြှုပ်နှံသူဖြစ်သည့် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI ဘက်က ပြောဆိုထားသည်။
ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမရှိ မြေအကျယ် ၉ ဧက ခွဲပေါ်တွင် တည်ဆောက်သွားမည့် အဆိုပါ စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ပထမမြန်မာရင်း နှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI နှင့် ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်-YSH တို့က ၆၀ ရာခိုင်နှုန်း၊ ဂျပန် မီဆူဘီရှီအိမ်ခြံမြေ လုပ်ငန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်-ADB ၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း-IFC တို့က ၄၀ ရာခိုင်နှုန်း အသီးသီး ရင်းနှီးသွားမှာဖြစ်သည်။

ကိုအောင်သူရက သတင်းရုပ်သံတွင် တင်ပြပေးထားသည်။

Recommended