ရန်ကုန်မြို့မှာ အထပ်မြင့်တိုက်တွေ တိုးလာတော့မည်

  • 7 years ago
ရန်ကုန်မြို့မှာ အထပ်မြင့်တိုက်တွေ သိသိသာသာတိုးလာတော့မယ့်အကြောင်း သည်နေးရှင်း သတင်းမှာ ဖော်ပြထားပါတယ်။ အခုလက်ရှိအချိန်မှာ အထပ် ၂၀ ကျော်တဲ့အဆောက်အအုံ လေးခုသာရှိနေရာကနေ နောက်ငါးနှစ်အတွင်း ဒီထက်ပိုမြင့်တဲ့အဆောက်အအုံတွေ ဆောက်လုပ်လာနိုင်ဖွယ်ရှိနေပါတယ်။
ရန်ကုန်ဟာ နောက် ငါးနှစ်ကြာရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရှုပ်ထွေးတဲ့နေရာတခုဖြစ်လာမှာဖြစ်ပြီး ဒီလုပ်ငန်းတွေဟာ အခုထက် ၁၀ ဆလောက်ထိပိုလာနိုင်ကြောင်း မိန်းဟာ့ဒ်တ် မြန်မာ ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးက ပြောထားပါတယ်။ ဒီကုမ္ပဏီဟာ အထပ်မြင့်အဆောက်အအုံစီမံကိန်း ၃၅ ခုရရှိထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။
ရန်ကုန်မှာ ပြီခဲ့တဲ့ ၁၂ လအတွင်း အထပ် ၂၀ နဲ့အထက် အဆောက်အအုံ ၁၀ ခုလောက် စတင်ခဲ့ပြီး ဒီအဆောက်အအုံတွေက အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့် ၂၀၁၆ ခုနှစ်တွေမှာ ပြီးစီးဖို့ ရှိနေပါတယ်။

Recommended