၂၀၁၅ခုနှစ် အိုင်ပီအိုင် ညီလာခံ ရန်ကုန်မြို့မှာ ဒုတိယနေ့ အဖြစ် ကျင်းပ

  • 7 years ago
ကမ္ဘာအနှံ့နိုင်ငံပေါင်း ၆၀ ကျော်ကနေ သတင်းသမားပေါင်း ၂၀၀ ကျော်တက်ရောက်ဆွေးနွေးမယ့် ၂၀၁၅ ခုနှစ် အိုင်ပီအိုင် ညီလာခံကြီးကို ရန်ကုန်မြို့မှာ ကျင်းပနေပြီဖြစ်ပါတယ်။
ဒီပွဲကြီးဟာ မတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တက်ရောက်လာသူတွေဆွေးနွေးကြတဲ့အထဲမှာ ပဋိပက္ခဆိုင်ရာ သတင်းတွေ ဘယ်လိုတင်ဆက်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေ၊ အတွေ့အကြုံအခက်အခဲတွေ စတာတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စုံစမ်းထောက်လှမ်း သတင်းရေးသားမှု၊ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ အရေးယူဆောင်ရွက်မှုတွေအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
(TV Report by ကျော်လင်းအေး)

Recommended