လိုင်းကြေးတောင်းရာမှ သေနတ်နှင့် ပစ်ခတ်မှု ဒုရဲအုပ်ကို ဖမ်းဆီးစစ်ဆေး (ရုပ်/သံ)ဧရာဝတီ ၊ အောက်တိုဘာ ၁၀ ၊ ၂၀၁၈နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ

  • 6 years ago
လိုင်းကြေးတောင်းရာမှ သေနတ်နှင့် ပစ်ခတ်မှု ဒုရဲအုပ်ကို ဖမ်းဆီးစစ်ဆေး (ရုပ်/သံ)

ဧရာဝတီ ၊ အောက်တိုဘာ ၁၀ ၊ ၂၀၁၈

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်မှုဟာ ရဲအရာရှိနဲ့အဖွဲ့က မီးသွေးကားကို လိုင်းကြေးတောင်းခံရာကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သေဆုံးသူနဲ့အတူ ကားပေါ်မှာ လိုက်ပါလာခဲ့တဲ့ ယာဉ်နောက်လိုက် နှစ်ဦးက အောက်တိုဘာလ ၉ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။

ဥတ္တရသီရိမြို့နယ် ဆားကျင်းကျေးရွာနေ သေဆုံးသူကိုမျိုးဝင်းနဲ့ သုံးဦးဟာ ဗိုလ်ရွေးလမ်းအတိုင်း မီးသွေးသွားရောက်ပို့ဆောင်ရာမှ ရဲတပ်ဖွဲ့က လိုင်းကြေး ၈၀၀၀ တောင်းခံခဲ့တာဖြစ်ပြီး ပုံမှန်ပေးနေကျ ၂၀၀၀ သာဖြစ်တဲ့အတွက် မပေးဘဲ ကားကို ပြန်လှည့်စဉ်မှာ ရဲအရာရှိက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖြစ်ရပ်မှာ ပါဝင်ခဲ့သူနှစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်သူ ဒုရဲအုပ်အောင်နိုင်ထွန်းကို လူသေစေမှုနဲ့ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှုး ဦးတင်ဌေးက တရားလိုပြုလုပ်အမှုဖွင့်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရိုက်ကူး- ကျော်မျိုး

တည်းဖြတ်- ဝေယံမိုးမြင့်

Recommended