မိသားစုအတွက် လမ်းပေါ်မှာ အလုပ်လုပ်နေတဲ့ကလေး (ရုပ်/သံ)ဧရာဝတီ ၊ မေ ၂၅ ၊ ၂၀၁၈ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အမှိုက်ပုံနဲ့ မြစ်ထဲက ပလပ်စတစ်ပစ္စည်းနဲ
  • 6 years ago
မိသားစုအတွက် လမ်းပေါ်မှာ အလုပ်လုပ်နေတဲ့ကလေး (ရုပ်/သံ)

ဧရာဝတီ ၊ မေ ၂၅ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အမှိုက်ပုံနဲ့ မြစ်ထဲက ပလပ်စတစ်ပစ္စည်းနဲ့ ပြန်အသုံးပြုလို့ရတဲ့ပစ္စည်းတွေ ကောက်ပြီး ပြန်ရောင်းတဲ့အလုပ်နဲ့ မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ ကလေးတယောက်အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

သူနဲ့ သူ့အစ်ကိုဖြစ်သူကို မှီခိုနေရသူတွေထဲမှာ မကျန်းမာတဲ့မိခင်၊ သူ့ထက်ငယ်တဲ့ မောင်နှမတွေ ပါဝင်ပါတယ်။ ဖခင်ကတော့ ကွယ်လွန်သွားပါပြီ။

မောင်နေလင်းအောင် ခေါ် မောင်ကိုကိုက သူငယ်ချင်းတွေနဲ့ပေါင်းရင် ဆေးလိပ်သောက်တတ်သွားမှာကို စိုးရိမ်နေသူလည်း ဖြစ်ပါတယ်။တခါတရံ ဂိမ်းဆော့တတ်ပြီး အနာဂတ်မှာတော့ စန္ဒယားဆရာဖြစ်ချင်တယ်လို့ သူက ဆိုပါတယ်။

တနေကုန် ပလပ်စတစ် ပစ္စည်းတွေ ကောက်ရောင်းရင်း တဖက်မှာလဲ ပိုက်​ဆံစု​နေပါတယ်။ စုဘူးပြည့်​ရင်တော့ ရာသီ​ပေါ်​သီးနှံ​တွေ​ရောင်းမယ်​လို့ သူက ဆိုပါတယ်။

ရိုက်ကူး- အိချယ်ရီအောင်
Recommended