သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးအတွက် မော်လမြိုင်တွင်ဆန္ဒပြ (ရုပ်/သံ)ဧရာဝတီ၊ မတ် ၁၈မြန်မာနိုင်ငံမှာ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးအများစုဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်ေ

  • 6 years ago
သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးအတွက် မော်လမြိုင်တွင်ဆန္ဒပြ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၁၈

မြန်မာနိုင်ငံမှာ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးအများစုဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဖြစ်နေတာကြောင့် သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို သေဒဏ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က ပြဌာန်းပေးနိုင်ဖို့ မော်လမြိုင်မြို့က ဒေသခံတွေက မတ်လ ၁၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွင် မော်လမြိုင်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မိမိကြည်က မုဒိမ်းမှုနှင့်ပတ်သက်သည့် ဟောပြောမှုများပြုလုပ်ခဲ့ပြီး ကဗျာဆရာမ ဆောင်းပိုင်ရှင် (မော်လမြိုင်) နဲ့ ကဗျာဆရာ ဂိုးဂိုး (မောရမြိုင်) တို့က မုဒိမ်းမှုနှင့်သက်ဆိုင်သည့် ကဗျာရွတ်ဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သက်ငယ်မုဒိမ်း သေဒဏ်ပေးဖို့ ဆန္ဒပြသူတွေဟာ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ်ပန်းခြံဝင်းအတွင်း စတင်စုဝေး၍ အထက်လမ်းမကြီးနှင့် အောက်လမ်းမကြီးတို့ကို စီတန်းလှည့်လည်ပြီးနောက် စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့မတံတားအရှေ့တွင် ဟောပြောမှုနှင့် ကဗျာရွတ်ဆိုမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ရိုက်ကူး/တည်းဖြတ် - ညဏ်စိုးဝင်း (ဧရာဝတီ)

Recommended