စိတ်သွားတိုင်း ကိုယ်ပါဖို့ အစိုးရတွင် ရဟတ်ယာဉ် လိုအပ်ဟုဆို (ရုပ်/သံ)ဧရာဝတီ ၊ အောက်တိုဘာ ၁၄ ၊ ၂၀၁၈သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ပြည်သူများ၏ ဘဝလုံခြုံမှု ရှိစေရေး

  • 6 years ago
စိတ်သွားတိုင်း ကိုယ်ပါဖို့ အစိုးရတွင် ရဟတ်ယာဉ် လိုအပ်ဟုဆို (ရုပ်/သံ)

ဧရာဝတီ ၊ အောက်တိုဘာ ၁၄ ၊ ၂၀၁၈

သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ပြည်သူများ၏ ဘဝလုံခြုံမှု ရှိစေရေး ကိစ္စရပ်များကို ဦးစားပေး စဉ်းစားနေရပြီး မုန်တိုင်းဒဏ်ခံ အဆောက်အဦများ လိုအပ်ချက် ရှိနေသေးသဖြင့် အစိုးရ၏ ကိုယ်ပိုင် ရဟတ်ယာဉ် ဝယ်ယူမည့် အစီအစဉ်ကို ဆက်လက် ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“ဘာပဲ ဖြစ်ဖြစ် စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ ရှိတာပေါ့။ စိတ်သွားတိုင်း ကိုယ်ပါဖို့အတွက် ဒီဟာ(ရဟတ်ယာဉ်)တွေကို ဖြည့်ဆည်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်”ဟု ၄င်းက အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးနေ့ အထိမ်းအမှတ်ပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရိုက်ကူး- ထက်နိုင်ဇော်

Recommended