စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ် (နေ့လယ် ၁ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)■ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ

  • 6 years ago
စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ် (နေ့လယ် ၁ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)

■ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ အိမ်ထောင်စုပေါင်း ၂၇၀၀၀ ကျော် လျှပ်စစ်မီး ရရှိမည်

■ မောင်တောမြို့တွင် နှစ်ရက်ဆက်တိုက် မီးလောင်မှုဖြစ်ပွား

■ ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူအား ခွင့်ပြုမိန့် တောင်းခံခြင်း မပြုသဖြင့် လွိုင်ကော်မြို့မ ရဲစခန်းမှ ခေါ်ယူ စစ်ဆေးခဲ့

■ အမျိုးသား မူးယစ်ဆေးဝါး ထိန်ချုပ်ရေးမူဝါဒအား ၂၀၁၇ အကုန်တွင် စတင်ပြဌာန်းမည်ဖြစ်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် (၂)နှစ်စာ Action Plan ရေးဆွဲမည်

■ သနပ်ခါးအသီးဖြင့် ထုတ်လုပ်ထားသည့် နှလုံးအားတိုးဆေး ထုတ်လုပ်ရောင်းချမည်

■ ထားဝယ်မြို့တွင် ခိုးရာပါဆိုင်ကယ် ခြောက်စီးအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ပြီး ဖမ်းဆီးရမိသည့် ဆိုင်ကယ်ပါဝါ အိတ်ဇော ၂၆၀ ကို ဖျက်ဆီးခဲ့

■ မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အချုပ်သားများအနက် သုံးဦး လွတ်မြောက်နေဆဲ

■ ပန်းချီဆရာရဲမင်း၏ ဒုတိယအကြိမ်မြောက် လက်ရာဖြစ်သည့် Waves in Minds အမည်ရ ပန်းချီပြပွဲ ပြသလျက်ရှိ

■ ရေရှည်လက်ခံထားရမည့် ဘင်္ဂလီဒုက္ခသည်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရေရှည်စီမံချက် လိုအပ်မည်ဟု ကုလသမဂ္ဂက အကြံပြု

■ အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းသူ ရှိလာခဲ့သဖြင့် အော်စကာရုပ်ရှင်ပြတိုက် ဆောက်လုပ်မှု အပြီးသတ်ရန် နီးစပ်လာ

Recommended