စက်တင်ဘာလ (၂၅) ရက်နေ့ ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)■ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနား ပြုလုပ်သည့် သံဃ

  • 6 years ago
စက်တင်ဘာလ (၂၅) ရက်နေ့ ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)

■ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနား ပြုလုပ်သည့် သံဃာတော်များနှင့် ဝန်းရံသူများကို ရွှေတီဂုံစေတီတော်ပေါ်သို့ သာသနာ့အလံမထောင်စေဘဲ တက်ရောက်ခွင့်ပြုခဲ့

■ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီး ဟိန္ဒူဘာသာဝင်များ အလောင်းများ ထပ်မံတွေ့ရှိကြောင်း ရဲမှုးချုပ် သူရစန်းလွင် အတည်ပြုပြောကြား

■ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာမှ ဒေသခံအချို့ ရွာတွင်မနေရဲသဖြင့် ထပ်မံနေရပ်စွန့်ခွာ

■ လားရှိုးမြို့နယ်၊ ရှန်ခိုက်ကျေးရွာအနီးတွင် ပြောင်းဖူးအိတ်များ တင်ဆောင်လာသော ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိ

■ Lift Fan မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၉ မီလီယံဖြင့် မြေယာများဖော်ထုတ်ကာ နှစ်လအတွင်း လယ်မဲ့ယာမဲ့များအား နေရာချပေးသွားမည်

■ ဒေါ်နယ်ထရန့်၏ ခရီးသွားလာခွင့် ပိတ်ပင်မှု ကြေညာချက်အသစ်တွင် မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့ကိုပါ ထည့်သွင်း

■ မြန်မာနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာသည့် ဘင်္ဂါလီ အင်တာဗျူးဗီဒီယိုနှင့် ပတ်သက်ပြီး Channel News Asia သတင်းဌာန ပြန်လည်တောင်းပန်

■ ပါကစ္စတန်နိုင်ငံအား ပြည်ပသို့ အကြမ်းဖက်သမားများ မွေးထုတ်ပေးနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း အိန္ဒိယ ဝေဖန်

■ အမေရိကန်နိုင်ငံ နက်ရှ်ဗေးလ်မြို့အနီးရှိ ဘုရားကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိ

■ အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တွင် နေတိုးယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရရှိ

■ စစ်ရေးနည်းနှင့် တုံ့ပြန်လာမည်ဆိုပါက အမေရိကန်အတွက် ဇာတ်သိမ်းကောင်းမည် မဟုတ်ဟု မြောက်ကိုရီးယား သတိပေး

■ ဂျပန် အထွေထွေရွေးကောက်ပွဲ အမြန်ခေါ်ယူကျင်းပဖို့အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ဆောင်ရွက်လျက်ရှိ

Recommended