စက်တင်ဘာလ (၃၀) ရက်နေ့ ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)■ ဘင်္ဂါလီအရေးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်

  • 6 years ago
စက်တင်ဘာလ (၃၀) ရက်နေ့ ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)

■ ဘင်္ဂါလီအရေးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတီယာရက်စ်နှင့် ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်တို့ကို မြန်မာအစိုးရ ဖိတ်ကြား

■ မောင်တော၊ ဘူးသီးတောင်ဒေသခံများ နေရပ်ပြန်သူ တစ်နေ့နှစ်ရာနီးပါးရှိလာပြီး နေရပ်ပြန်သူများကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့က ငွေကြေးထောက်ပံ့

■ ဘဏ်တိုးနှုန်းများ ပြင်ဆင်သတ်မှတ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ အစိုးရထံတင်ပြထားပြီး ဗဟိုဘဏ်က ဆွေးနွေးနေ

■ ပဲခူးမြို့တွင် ဇနီးဖြစ်သူက ခင်ပွန်းကို ၆ ပေါင်တူဖြင့် ထုသတ်၍ ပွဲချင်းပြီး သေဆုံး

■ စုံတွဲတစ်တွဲအား ယခင်ရည်းစားဟောင်း အမျိုးသားက ဓားဖြင့်ထိုးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား

■ အောက်တိုဘာ တစ်ရက်မှစပြီး ပြည်ပမှတင်သွင်းသည့် ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်အပါအဝင် ကုန်စည်အချို့ကို အခွန်တိုးမြှင့် ကောက်ခံမည်ဖြစ်သဖြင့် ကားဈေးတက်လာနိုင်

■ မြောက်ကိုရီးယားကို ပိုမိုဖိအားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင် တရုတ်နိုင်ငံသို့ ရောက်ရှိလာ

■ ပြုံယမ်းရှိ ဒုံးကျည်တီထွင်ရေးစင်တာမှ ဒုံးကျည်အမြောက်အများ ရွှေ့ပြောင်းသယ်ဆောင်မှုများ မြောက်ကိုရီးယား ပြုလုပ်နေဟု တောင်ကိုရီးယားရုပ်သံ KBS ထုတ်လွှင့်

■ ပြိုင်ဖက် တိုကျိုမြို့တော်ဝန်၏ ပါတီသစ်သည် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ လူကြိုက်များမှုကို ခြိမ်းခြောက်နေဟု လူထုသဘောထား စစ်တမ်းများအရ သိရ

■ ဆီးရီးယား အနောက်မြောက်ပိုင်းရှိ ဘေးကင်းဇုန်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၈ ဦးသေဆုံး

■ မောင့်အာဂွန်မီးတောင်ဝနှင့် ကိုးကီလိုမီတာပြင်ပရှိ အန္တရာယ်ဇုန်အဝေးတွင် နေထိုင်သူများ နေရပ်ပြန်ကြရန် အင်ဒိုနီးရှား အာဏာပိုင်များပြော

■ AFF Futsal Championship 2017 ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း ထိုင်းနိုင်ငံတွင် သွားရောက်လေ့ကျင့်

Recommended