စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)■ မြန်မာအစိုးရ အနေဖြင့် စစ်ဆင်ရေးရပ်ရန်နှင့် ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားမှုအ

  • 6 years ago
စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)

■ မြန်မာအစိုးရ အနေဖြင့် စစ်ဆင်ရေးရပ်ရန်နှင့် ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားမှုအဖွဲ့၊ အကူအညီများ ၀င်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

■ ဝေဖန်မှုများသည် လက်တွေ့နှင့်တခြားစီဖြစ်ကြောင်း ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ထောက်ခံခဲ့သည့် ကြေညာချက် တစ်စောင်ကို ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ထုတ်ပြန်

■ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ခွင့်ပြုလုပ်ငန်း ၁၂၉ ခုနှင့် တိုးမြှင့်ရင်းနှီးမြှပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၃ ဘီလျံ ရရှိ

■ YBS အမှတ် ၁၀ ယာဉ်လိုင်းမှ ယာဉ်တစ်စီး အင်ဂျင်စက်ခန်း အပူလွန်ကဲရာမှ မီးလောင်

■ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဆည်များမှ ရေ၀င်ရောက်မှုကြောင့် ဒေသတွင်း ကျေးရွာအချို့နှင့် စိုက်ခင်းများ ရေ၀င်နစ်မြုပ်

■ လုပ်သားရှားပါးခြင်း၊ ရင်းနှီးငွေ မလုံလောက်ခြင်းများကြောင့် မြန်မာ့ရိုးရာ သင်ဖျူးဖျာ လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ

■ Super Model International Myanmar 2018 Mandalay Division ပဏာမအဆင့် အလှမယ် ရွေးချယ်ပွဲ ကျင်းပ

■ မြန်မာအမျိုးသမီး ဓာတ်ပုံပညာရှင်များ၏ Art Of Ladies အနုပညာ ဓာတ်ပုံပြပွဲကျင်းပ

■ ဥပဒေကို မလိုက်နာပါက Facebook အား ပိတ်သိမ်းမည်ဟု ရုရှားနိုင်ငံ ခြိမ်းခြောက်

■ တတိယ ရင်သွေးလေးရှိနေကြောင်း အတိအလင်း ကြေညာလိုက်သည် ကင်မ်ကာဒက်ရှီယန်

Recommended